အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

မန္တလေးတိုင်းဒေသကြီး၊မန္တလေးမြို့

(အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း)

၁။           ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဆောင်ရွက် မည့် အောက်ဖော်ပြပါလုပ်ငန်းအား တင်ဒါခေါ်ယူလိုပါသည်-

 

စဉ်

တင်ဒါ အမှတ်

လုပ်ငန်းအမည်

(က)

1-8(T)/MESC(D-R) / 2020-2021

Transformer Oil (65)Drums & Silica Gel (200)Kg များဝယ်ယူခြင်း

(ခ)

4-1(T)/MESC(PL-C)/

2020-2021

ပြင်ဦးလွင်မြို့နယ်၊ တပ်နယ်ဓာတ်အားခွဲရုံတွင် ရေရရှိရေးလုပ်ငန်းတည်
ဆောက်ခြင်း (၂"အဝီစိတွင်း၊ရေစုကန်၊ရေစင်၊ Overhead Tank၊ Air Compressor၊ရေမော်တာ၊ ရေစက်အိမ်၊ ရေပိုက်သွယ်တန်းခြင်းများ အပါအဝင်)

(ဂ)

4-2(T)/MESC(PL-C)/

2020-2021

မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ ညောင်မြင့်ဓာတ်အားခွဲရုံတွင်ရေရရှိရေး လုပ်ငန်းတည်ဆောက်ခြင်း(၂"အဝီစိတွင်း၊ ရေစုကန်၊ ရေစင်၊ Overhead Tank၊ Air Compressor၊ ရေမော်တာ၊ ရေစက်အိမ်၊ ရေပိုက်သွယ်တန်း ခြင်းများ အပါအဝင်)

 

၂။            အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို (၂၈.၉.၂၀၂၀) ရက်နေ့တွင် စတင်၍ ရောင်းချ မည်ဖြစ်ပြီး (၁၂.၁၀.၂၀၂၀) ရက် (၁၄:၀၀) နာရီတွင် တင်ဒါပိတ်မည်ဖြစ်ပါသည်။ တင်ဒါပုံစံနှင့် အချက် အလက်များကို Web Portal (www.moee.gov.mm)၌ အသေးစိတ်ကြည့်ရှုနိုင်ပါသည်။

၃။           တင်ဒါစိစစ်ရွေးချယ်မည့်ရက်အား ထပ်မံအကြောင်းကြားပါမည်။ တင်ဒါပုံစံနှင့် အသေးစိတ်

အချက်အလက်များကို ရုံးချိန်အတွင်း အောက်ပါလိပ်စာတွင် လာရောက် စုံစမ်းဝယ်ယူနိုင်ပါသည်။

တင်ဒါကော်မတီ

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်)

၂၇လမ်း၊ ၇၇× ၇၈ ကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့

ဖုန်း -၀၂-၄၀၆၉၁၂၁